သင့် Browser မှ Cookies များကို ဖွင့်ပေးပါ။ ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ရှေ့ဆက်သွားရန်အတွက် Cookies များလိုအပ်ပါသည်။

မိုက်ခရိုမန်းနီးဆိုတာ ဘာလဲ

မိုက်ခရိုမန်းနီးဆိုတာ ဘာလဲ

မိုက်ခရိုမန်နီးသည် အွန်လိုင်းကြိုတင်ယူငွေဝန်ဆောင်မှု လုပ်ငန်းတွင် အသေးစားငွေကြေးထောက်ပံ့မှုကိုသာ အလေးထား ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် သင်၏ ငွေကြေးလိုအပ်ချက်ကို အကောင်းဆုံး ကျွမ်းကျင်စွာ ဖြေရှင်း ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

သင့်ရဲ့ နေ့စဉ်လိုအပ်ချက်ကို မည်သည့် အပေါင်ပစ္စည်းမှ မလိုအပ်ဘဲ အရည်အသွေးအကောင်းဆုံး ဘဏ္ဍာရေး ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။ ချေးငွေလျှောက်ထားမှုကို လွယ်ကူမြန်ဆန်စေရန်အတွက် လွယ်ကူသော ချေးငွေအတည်ပြုမှုကို အချိန်တိုအတွင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

မိုက်ခရိုမန်းနီးသည် သုံးစွဲသူများ၏ မတူညီသော လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမျိုးအစား အမျိုးမျိုးကို နည်းပညာအသစ်များဖြင့် ဆောင်ရွက်ပေးနေပါသည်။

ခွင့်ပြုမှုပေါ်မူတည်၍ ၀န်ဆောင်ခအား ၅၀၀၀၀ လျှင် တစ်ရက် ၅၀၀ ကျပ် ကောက်ခံပါမည်။

မကောက်ခံပါ။ သို့သော သင် ကြိုတင်ယူငွေကို ပြန်လည် မပေးဆပ်ခဲ့ဘူးဆိုလျှင် အကြွေးပြန်လည်ကောက်ခံပေးသည့် အေဂျင်စီကို သင့်ဆီမှ အကြွေး ပြန်လည်ကောက်ခံရန်အတွက် ငှားရမ်းပါမည်။ ထို့အတွက် ပေါ်ပေါက်လာမည့် ကုန်ကျစရိတ်ကို သင့်အနေဖြင့် ကျခံရပါမည်။

လိုအပ်ပါသည်။ ဥပဒေအရ ပြဌာန်းထားသော တံဆိပ်ခေါင်းခွန်နှင့် အခြားကုန်ကျစရိတ်များရှိပါမယ်။

ချေးငွေအကြောင်း

မိုက်ခရိုမန်းနီး ကြိုတင်ူငွေဝန်ဆောင်မှုများကို အသက် ၂၁နှင့် ၆၀ကြားရှိ လက်ရှိလုပ်ငန်းလုပ်ကိုင်နေ၍ မြန်မာနိုင်ငံအတွင်း တရားဝင်နေထိုင်ပြီး ခိုင်လုံသည့် နေရပ်လိပ်စာရှိသူများကို ၀န်ဆောင်မှုပေးနေပါသည်။

သင်၏ နိုင်ငံသားမှတ်ပုံတင်မိတ္တူနှင့် နောက်ဆုံးထုတ်လစာ အထောက်အထားစာရွက်သာ ပေးရန်လိုအပ်ပါသည်။

သင်၏ ကြိုတင်ယူငွေကို အတည်ပြုပြီးပါက နောက်ဆုံးအဆင့်အနေဖြင့် သင့်ဘဏ်စာရင်းထဲသို့ ထည့်ပေးမည်ဖြစ်ကြောင်းကို စာတိုမက်စ်ဆေ့နှင့် အီးမေးလ်တို့ဖြင့် အကြောင်းကြားပါမည်။

လိုအပ်သော အထောက်အထားများနှင့် စာရွက်စာတမ်းများကို ပြည့်စုံရှင်းလင်းစွာ တင်ပြနိုင်မှုပေါ်မူတည်၍ ရုံးဖွင့်ရက် ၁ ရက်မှ ၂ရက်အတွင်း သင်၏ ချေးငွေလျှောက်လွှာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို စာတို မက်စ်ဆေ့နှင့် အီးမေးလ်တို့မှ တစ်ဆင့် ပို့ပေးပါမည်။

လက်ရှိတွင် မိုက်ခရိုမန်းနီးမှ ကြိုတင်ယူငွေဝန်ဆောင်မှုများကို လုပ်ငန်းလုပ်ကိုင်၍ ခိုင်လုံသည့် နေရပ်လိပ်စာရှိသော ဖောက်သည်များအတွက် ဆောင်ရွက်ပေးနေပါသည်။ တစ်နိုင်ငံလုံးသို့ မကြာခင် ၀န်ဆောင်မှု ပေးပါမည်။

သင့်ကို ကူညီဖို့ ကြိုဆိုနေပါတယ်။ လိုအပ်တဲ့ အကူအညီကို တောင်းဆိုဖို့ ဖောက်သည် အကူအညီပေးရေးလမ်းကြောင်းမှ တစ်ဦးဦးကို ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။

ကြိုတင်ယူငွေရရှိခြင်းအကြောင်း

ကြိုတင်ယူငွေခွင့်ပြုချက်ရရှိပြီးပါက ၂၄နာရီအတွင်း ချေးငွေလက်ခံ ရရှိအောင် ဆောင်ရွက်ပေးပါသည်။ သင်၏ ဘဏ်စာရင်းသို့ ငွေလွှဲပြီးပါက သင့်ထံသို့ စာတိုမက်ဆေ့ ပို့ပေးပါမည်။

သင်၏ အတည်ပြုထားသော ငွေနှင့် ပတ်သက်၍ ကိစ္စတစ်စုံတစ်ခုရှိပါက ဖောက်သည် ၀န်ဆောင်မှု တာဝန်ခံထံသို့ ဆက်သွယ်ပေးပါ။

  • အီးမေးလ် enquiry@micromoneymm.com
  • ၀က်ဘ်ဆိုက် www.micromoneymm.com

ကြိုတင်ယူငွေ ပြန်လည်ပေးဆပ်မှုအကြောင်း

ကြိုတင်ယူငွေကာလ သတ်မှတ်ချက်နှင့် ပြန်လည်ပေးဆပ်ရမည့် ရက်ကို သင်၏ ငွေစာချုပ်တွင် အသေးစိတ် ဖော်ပြထားပါသည်။ ဒဏ်ကြေးများ မဖြစ်ပေါ်စေရန်အတွက် ပြန်လည်ပေးဆပ်ရမည့်နေ့ သို့မဟုတ် ထိုနေ့မတိုင်ခင် ပြန်လည်ပေးဆပ်ရန် အကြံပြုပါသည်။

ငွေပြန်လည်ပေးဆပ်မှုကို

  • -ပြည်တွင်း ငွေလွှဲဖြင့်လည်းကောင်း
  • -ငွေလွှဲအေဂျင်စီများမှ လည်းကောင်း
  • -အွန်လိုင်း အင်တာနက် ဘဏ်စနစ်ဖြင့် လည်းကောင်း
  • -အေတီအမ် ကဒ်များဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

ရပါတယ်။ ထိုနေ့အထိသာ ဝန်ဆောင်ခကို ကောက်ခံမှာ ဖြစ်တဲ့အတွက် ပိုမိုသက်သာပါတယ်။

သက်တမ်းပြည့်သည့်နေ့ သို့မဟုတ် မတိုင်ခင် ပြန်လည် ပေးဆပ်ရန် အကြံပြုပါသည်။ ငွေ နောက်ကျပေးဆပ်မှုအတွက် အကြွေးပြန်လည်ကောက်ခံပေးသည့် အေဂျင်စီမှ ကောက်ခံမည့် ၀န်ဆောင်ခအားလုံးကို ပေးရန် သင့်မှာ တာဝန်ရှိပါသည်။

အခြား

သင်၏ ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျွန်ုပ်တို့နှင့် ယုံကြည်စွာ ဆက်လက် လက်တွဲလိုသည့်အတွက် ကျေးဇူးတင်ပါသည်။ မိုက်ခရိုမန်နီး၏ ၀န်ဆောင်မှုကို ဆက်လက်အသုံးပြုလိုပါက ကျွန်ုပ်တို့ ၀က်ဘ်ဆိုက်ပေါ်မှ တဆင့် လျှောက်ထားနိုင်ပါသည်။ နောက်ထပ် ချေးငွေလျှောက်ထားခြင်းကို ကြိုဆိုပါသည်။ သင်သည် ယခင်ချေးငွေကို မှန်ကန်စွာ ပြန်လည်ပေးဆပ်ခဲ့သည့် ဖောက်သည်ဖြစ်ပါက နောက်တစ်ကြိမ်လျှောက်ထားရန် အလွန်လွယ်ကူပါသည်။ ကျွန်ုပ်တို့ကို ဖုန်းနံပါတ် ၀၉-၇၇၃၉၃၇၃၇၉ (သို့) ၀၉-၉၆၈၈၁၈၈၂၀ (သို့) ၀၉-၄၅၅၂၁၈၈၇၁ များမှ တစ်ဆင့် ခေါ်ဆိုပြီး ဖောက်သည်ဝန်ဆောင်မှု တာဝန်ခံသို့ ချေးငွေအသစ် လျှောက်ထားလိုကြောင်း အကြောင်းကြားပါ။ သူတို့ ကူညီပါလိမ့်မည်။ ကျေးဇူးတင်ပါသည်။

Apply Now